ကနေဒါနိုင်ငံအတွင်း ပြောင်းရွှေ့ အခြေချလာသော မြန်မာလူမျိုးများအတွင်း စုစည်းညီညွတ်မှုရရှိရန်၊ ကူညီရိုင်းပင်းရန်၊ ပြည့်စုံလုံလောက်သော ကနေဒီယံမြန်မာလူမှုအဖွဲ့ အစည်းကို တည်ထောင်ရန်
အဖွဲ့ အစည်း၏ ရည်ရွယ်ချက်များ
- မြန်မာကနေဒီယံတို့ ၏ လူမှုဘ၀မြှင့်တင်ရေးနှင့် ထိုမှတဆင့် ကနေဒါအခြေစိုက်မြန်မာများအကြား ပေါင်းကူးဆက်သွယ်မှု တိုးတက်မြင့်မားစေရန်
- ကနေဒါရှိ မြန်မာများနှင့်ပါတ်သက်သော အရေးကိစ္ဏများရှိပါက တွေ့ ဆုံဆွေးနွေးနိုင်ရန်အတွက် နေရာထိုင်ခင်း ဖန်တီးပေးရန်
- မြန်မာကနေဒီယံတို့ ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို အကောင်အထည် ဖေါ်ရာတွင် ကနေဒါရှိ အခြားသော အဖွဲ့ အစည်းများနှင့် အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန်
- ထိုသို့  အဖွဲ့ ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖေါ်ရာတွင် အခြားသော ရည်ရွယ်ချက်တူညီသော မြန်မာအဖွဲ့ အစည်းများနှင့် သော်လည်းကောင်း၊ တသီးပုဂ္ဂလများနှင့်သော်လည်းကောင်း ကူညီပူးပေါင်းဆောင်ရွက်သွားရန်
- မြန်မာ့ယဉ်ကျေးမှုနှင့် ထုမ်းတမ်းစဉ်လာများကို စောင့်ရှောက်ထိမ်းသိမ်းသွားရန်နှင့် လူအများသိရှိနားလည်လာစေရန် ပညာပေးခြင်း
- ကနေဒါသို့ ပြောင်းရွှေ့ အခြေချလာသော မြန်မာလူမျိုးများ ကနေဒါနိုင်ငံတွင် လွယ်လင့်တကူနေသားကျစေရန် အဓိကလိုအပ်သော သတင်းအချက်အလက်၊ နှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အချက်အလက်များကိုစုဆောင်းပြုစု၍ ကူညီပံ့ပိုးနိုင်ရေး
- ကနေဒါရှိအဖွဲ့ အစည်းများမှ ပံပိုးကူညီမှု များကို မြန်မာကနေဒီယံများ လက်ခံရရှိနိုင်စေရန် ၀ိုင်းဝန်းကူညီနိုင်စေရန်
- ယဉ်ကျေးမှု၊ လူမှုရေး၊ သာရေးနာရေး၊ နှင့် အခြားသောသိအပ်ဖွယ် အချက်အလက်များအတွက် မြန်မာဘာသာသတင်းစာစောင်ထုတ်ဝေဖြန့်ဖြူးနိုင်ရန် ဋ္ဌကိုးပမ်းဆောင်ရွက်သွားရေး
- ကနေဒီယံမြန်မာလူမှုရေးအဖွဲ့ အစည်းဋ္ဌကီး၏ မူလချမှတ်ထားသော စီမံကိန်းနှင့် ဦးတည်ချက်များအကောင်အထည်ဖေါ်ရေးအတွက် ကော်မီတီဝင်များ ဖွဲ့ စည်းကာ ဋ္ဌကိုးပမ်း အကောင်အထည်ဖေါ်သွားရေး
- ကျွမ်းကျင်သော ၀က်(ဘ်)မာစတာ ငှားရမ်း၍သော်လည်းကောင်း၊ လုပ်အားပေးခေါ်ယူ၍သော်လည်းကောင်း မြန်မာကနေဒီယန် အင်တာနက်ဝက်(ဘ်)ဆိုဒ် အား ပိုမိုပြည့်စုံအောင် ဆက်လက်လုပ်ဆောင်သွားရေး
- အဖွဲ့ အစည်းအတွင်း လုပ်အားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်၊ ချမှတ်ထားသော အဖွဲ့ အစည်း၏ မူလစီမံချက်များ အောင်မြင်စေရန် လိုအပ်သော ရန်ပုံငွေရှာဖွေရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်
- အဖွဲ့ ဝင်များသည် အဖွဲ့ ၏ အဓီကရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ အောင်မြင်စေရန် ပံ့ပိုးကူညီနိုင်ရမည်။
- အဖွဲ့ ဝင်မျာသည် အဖွဲ့ နှင့် ပါတ်သက်သော လုပ်ငန်းဆောင်တာများလုပ်ဆောင်ရာတွင် နိုင်ငံရေး၊ ဘာသာရေးတို့ နှင့် ပါတ်သက်ခြင်းမရှိစေရ။
- မြန်မာကနေဒီယန်အဖွဲ့ ဝင်များအတွင်း အချင်းချင်း ကူညီယိုင်းပင်းခြင်း၊ နားလည်စာနာခြင်းဖြင့် စည်းလုံးညီညွတ်မှုတည်ဆောက်ကြရမည်။