Wednesday, March 14, 2012

မြန်မာ့ဂုဏ်ကိုညီညွတ်စွာစုပေါင်းမြှင့်တင်ကြပါစို့

မင်္ဂလာပါ

၂၀၁၂ခုနှစ်ဟာမြန်မာနိုင်ငံဖွားတိုင်းရင်းသားလူမျိုးအားလုံးအတွက်အလွန်ထူးခြားတဲ့နှစ်ဖြစ်ပါတယ်၊မြန်မာနိုင်ငံရဲ့
လူမှုရေး၊စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေများစတင်ပြောင်းလဲမှုများစတင်တဲ့နှစ်ဖြစ်ပါတယ်၊မြန်နိုင်ငံသူနိုင်ငံသား
တွေအတွက်ကြီးမားသောတာဝန်ကြီးတရပ်ကိုလက်တွေ့ထမ်းဆောင်ဖို့အချိန်ကိုရောက်ရှိလာပြီမို့မိမိတို့ရဲ့ဘဝများကို
အာမခံချက်အပြည့်အဝရရှိစေမည့်စစ်မှန်သောဒီမိုကရေစီစံနစ်တည်ဆောက်ရေးလမ်းကြောင်းပေါ်ရောက်အောင်
စည်းကမ်းရှိစွာ၊ညီညွတ်စွဖြင့်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရမည့်အလွန်အရေးကြီးတဲ့အချိန်လဲဖြစ်ပါတယ်၊
ဒီလိုအချိန်မျိုးတွင်မြန်မာလူမျိုးများအနေဖြင့်ပြည်တွင်းပြည်ပမည်သည့်နေရာတွင်ရောက်ရှိသည်ဖြစ်စေတွေဝေုမှု
မရှိပဲအုတ်တချပ်သဲတပွင့်အဖြစ်နိုင်ငံသားကောင်းများပီသစွာပါဝင်ကြိုးပမ်းဆောင်ရွက်ကြဖို့လိုပါတယ်၊
ကနေဒါတွင်အကြောင်းအမျိုးမျိုးဖြင့်လာရောက်နေထိုင်ကြတဲ့မြန်မာလူမျိုးများအချင်းချင်းရင်းနှီးခင်မင်စွာဖြင့်အရေး
ကြီးရင်သွေးနီးတယ်ဆိုတဲ့စကားအတိုင်းအမိမြန်မာနိုင်ငံကြီးအဖက်ဖက်ကတိုးတက်ဖွံ့ဖြိုးရေးအတွက်ဆွေးနွေးတိုင်
ပင်နိုင်ရန်၊မိမိတို့ကိုယ်တိုင်အဖက်ဖက်ကတိုးတက်အောင်သာမက၊မိမိတို့ရဲ့ စုပေါင်းအင်အားကိုအမိမြန်မာနိုင်ငံကြီးနှင့်ပြည်တွင်းရှိသန်း(၆၀)သောမြန်မာလူထုကြီးတရပ်လုံးကမ္ဘာ့အလယ်တွင်
ဂုဏ်ရှိစေနိုင်အောင်မှန်ကန်စွာအားပေးကြရန်တိုက်တွန်းလိုက်ပါတယ်၊
ကနေဒါရောက်မြန်မာလူမျိုးများအဖက်ဖက်ကတိုးတက်ရေးနှင့်အမိမြန်မာနိုင်ငံကြီးဂုဏ်တက်စေမည့်ကျိုးပမ်းအား
ထုတ်မှုအားလုံးကို၊ကနေဒီယန်ကွန်မြုနီတီကွန်ယက်အနေဖြင့်အင်တိုက်အားတိုက်ထောက်ခံအားပေးသွားမည်ဖြစ်
ကြောင်းဤမင်္ဂလာရှိသောနှစ်တွင်အသိပေးပါတယ်ခင်ဗျား။

ဦးသန်းအောင်
အက်ဒမင်တန်မြို့
အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
နေ့ စွဲ၊၂၀၁၂ခုမတ်လ(၁၄)ရက်

Sunday, September 12, 2010

မင်္ဂလာပါ

ဒီဘလော့ကိုအထပ်ထပ်အခါခါစမ်းသပ်စစ်ဆေးနေခြင်းဖြစ်ပါတယ်၊စမ်းသပ်မှုပြီးရင်ပုံမှန်လိုပ်ငန်းများစတင်ဆောင်ရွက်ရန်စီစဉ်ထားပြီးဖြစ်ပါတယ်၊

ဦးသန်းအောင်
အက်ဒမင်တန်မြို.
အယ်လ်ဘားတားပြည်နယ်၊
ကနေဒါနိုင်ငံ။

နေ.စွဲ၊ ၂၀၁၀-ခု၊စက်တင်ဘာလ(၁၂)ရက်

Friday, June 5, 2009

မြန်မာကနေဒီယံလူမှုပေါင်းကူးဆက်သွယ်ရေးရေးအဖွဲ့ ဋ္ဌကီး၏ ရွယ်ရွယ်ချက်၊ ရည်မှန်းချက်နှင့် ရှေ့ လုပ်ငန်းစဉ်များ

ရေရှည်မျှော်မှန်းချက်

ကနေဒါနိုင်ငံအတွင်း ပြောင်းရွှေ့ အခြေချလာသော မြန်မာလူမျိုးများအတွင်း စုစည်းညီညွတ်မှုရရှိရန်၊ ကူညီရိုင်းပင်းရန်၊ ပြည့်စုံလုံလောက်သော ကနေဒီယံမြန်မာလူမှုအဖွဲ့ အစည်းကို တည်ထောင်ရန်

အဖွဲ့ အစည်း၏ ရည်ရွယ်ချက်များ

  • မြန်မာကနေဒီယံတို့ ၏ လူမှုဘ၀မြှင့်တင်ရေးနှင့် ထိုမှတဆင့် ကနေဒါအခြေစိုက်မြန်မာများအကြား ပေါင်းကူးဆက်သွယ်မှု တိုးတက်မြင့်မားစေရန်
  • ကနေဒါရှိ မြန်မာများနှင့်ပါတ်သက်သော အရေးကိစ္ဏများရှိပါက တွေ့ ဆုံဆွေးနွေးနိုင်ရန်အတွက် နေရာထိုင်ခင်း ဖန်တီးပေးရန်

  • မြန်မာကနေဒီယံတို့ ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို အကောင်အထည် ဖေါ်ရာတွင် ကနေဒါရှိ အခြားသော အဖွဲ့ အစည်းများနှင့် အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန်

  • ထိုသို့  အဖွဲ့ ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖေါ်ရာတွင် အခြားသော ရည်ရွယ်ချက်တူညီသော မြန်မာအဖွဲ့ အစည်းများနှင့် သော်လည်းကောင်း၊ တသီးပုဂ္ဂလများနှင့်သော်လည်းကောင်း ကူညီပူးပေါင်းဆောင်ရွက်သွားရန်

  • မြန်မာ့ယဉ်ကျေးမှုနှင့် ထုမ်းတမ်းစဉ်လာများကို စောင့်ရှောက်ထိမ်းသိမ်းသွားရန်နှင့် လူအများသိရှိနားလည်လာစေရန် ပညာပေးခြင်း
  • ကနေဒါသို့ ပြောင်းရွှေ့ အခြေချလာသော မြန်မာလူမျိုးများ ကနေဒါနိုင်ငံတွင် လွယ်လင့်တကူနေသားကျစေရန် အဓိကလိုအပ်သော သတင်းအချက်အလက်၊ နှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အချက်အလက်များကိုစုဆောင်းပြုစု၍ ကူညီပံ့ပိုးနိုင်ရေး
  • ကနေဒါရှိအဖွဲ့ အစည်းများမှ ပံပိုးကူညီမှု များကို မြန်မာကနေဒီယံများ လက်ခံရရှိနိုင်စေရန် ၀ိုင်းဝန်းကူညီနိုင်စေရန်
  • ယဉ်ကျေးမှု၊ လူမှုရေး၊ သာရေးနာရေး၊ နှင့် အခြားသောသိအပ်ဖွယ် အချက်အလက်များအတွက် မြန်မာဘာသာသတင်းစာစောင်ထုတ်ဝေဖြန့်ဖြူးနိုင်ရန် ဋ္ဌကိုးပမ်းဆောင်ရွက်သွားရေး

  • ကနေဒီယံမြန်မာလူမှုရေးအဖွဲ့ အစည်းဋ္ဌကီး၏ မူလချမှတ်ထားသော စီမံကိန်းနှင့် ဦးတည်ချက်များအကောင်အထည်ဖေါ်ရေးအတွက် ကော်မီတီဝင်များ ဖွဲ့ စည်းကာ ဋ္ဌကိုးပမ်း အကောင်အထည်ဖေါ်သွားရေး

  • ကျွမ်းကျင်သော ၀က်(ဘ်)မာစတာ ငှားရမ်း၍သော်လည်းကောင်း၊ လုပ်အားပေးခေါ်ယူ၍သော်လည်းကောင်း မြန်မာကနေဒီယန် အင်တာနက်ဝက်(ဘ်)ဆိုဒ် အား ပိုမိုပြည့်စုံအောင် ဆက်လက်လုပ်ဆောင်သွားရေး

  • အဖွဲ့ အစည်းအတွင်း လုပ်အားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်၊ ချမှတ်ထားသော အဖွဲ့ အစည်း၏ မူလစီမံချက်များ အောင်မြင်စေရန် လိုအပ်သော ရန်ပုံငွေရှာဖွေရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်
အဖွဲ့ ဝင်များ၏ တာဝန်နှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များ

  • အဖွဲ့ ဝင်များသည် အဖွဲ့ ၏ အဓီကရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ အောင်မြင်စေရန် ပံ့ပိုးကူညီနိုင်ရမည်။
  • အဖွဲ့ ဝင်မျာသည် အဖွဲ့ နှင့် ပါတ်သက်သော လုပ်ငန်းဆောင်တာများလုပ်ဆောင်ရာတွင် နိုင်ငံရေး၊ ဘာသာရေးတို့ နှင့် ပါတ်သက်ခြင်းမရှိစေရ။

  • မြန်မာကနေဒီယန်အဖွဲ့ ဝင်များအတွင်း အချင်းချင်း ကူညီယိုင်းပင်းခြင်း၊ နားလည်စာနာခြင်းဖြင့် စည်းလုံးညီညွတ်မှုတည်ဆောက်ကြရမည်။